မြန်မာနိုင်ငံကုန်အမှတ်တံဆိပ်ဥပဒေပါကန့်ကွက်ပိုင်ခွင့်များ

September 5, 2025

မြန်မာနိုင်ငံကုန်အမှတ်တံဆိပ်ဥပဒေပါကန့်ကွက်ပိုင်ခွင့်များ

မြန်မာ နိုင်ငံ၏ ကုန်အမှတ်တံဆိပ်ဥပဒေအရ တစ်စုံတစ်ယောက်က သင့်၏ အခွင့်အရေးများကို ထိခိုက်စေနိုင်သည့် ကုန်အမှတ်တံဆိပ်တစ်ခုကို မှတ်ပုံတင်ရန်လျှောက်ထားပါက ထိုလျှောက်လွှာကို တရားဝင် ကန့်ကွက်နိုင်သည့် အခွင့်အရေးရှိပါသည်။

မည်သို့ဆောင်ရွက်ရမည်နည်း။

  1. ကုန်အမှတ်တံဆိပ်လျှောက်လွှာကို မူပိုင်ခွင့် ဉီးစီးဌာနမှ ထုတ်ပြန်ကြေညာသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်သူ မည်သူမဆို ကန့်ကွက်လွှာတင်နိုင်သည်။
  2. ကန့်ကွက်လွှာကို ထုတ်ပြန်ကြေငြာသည့် ရက်မှ ရက်ပေါင်း ၆၀ အတွင်း တင်ပြရမည်။
  3. သတ်မှတ်ထားသော အခကြေးငွေကို ပေးဆောင်ရမည်ဖြစ်ပြီး ကန့်ကွက်လွှာသည် ကုန်အမှတ်တံဆိပ်ဥပဒေ ပုဒ်မ ၁၃ နှင့် ၁၄ တွင်ဖော်ပြထားသော အကြောင်းရင်းများအပေါ် အခြေခံရမည်ဖြစ်သည်။

ဤလုပ်ငန်းစဉ်သည် လက်ရှိကုန်အမှတ်တံဆိပ်ပိုင်ရှင်များ သို့မဟုတ် ဦးစားပေးအခွင့်အရေးရှိသူများအတွက် ဆင်တူယိုးမှား၊ မှားယွင်းစေနိုင်သော သို့မဟုတ် ချိုးဖောက်နေသော အမှတ်အသားများ မှတ်ပုံတင်ခြင်းမှ အကာအကွယ် ပေးနိုင်ပါသည်။

အဘယ်ကြောင့် အရေးကြီးသနည်း။

သင့်အနေဖြင့် အချိန်မီ ဆောင်ရွက်ခြင်းမရှိပါက ဆင်တူယိုးမှား အမှတ်အသားမှာ မှတ်ပုံတင်ပြီး ဖြစ်သွားနိုင်ပြီး မှတ်ပုံတင်ပြီးပါက ပယ်ဖျက်ပေးရန် ကန့်ကွက်ခြင်းမှာ ပိုမိုခက်ခဲပြီး ကုန်ကျစရိတ်လည်း ပိုမိုများပြားစေပါသည်။

ကျွန်ုပ်တို့မှ မည်သို့ ကူညီပေးနိုင်သနည်း။

  1. ကုန်အမှတ်တံဆိပ် မှတ်ပုံတင်မှု ထုတ်ပြန်ချက်များ ကို သင်၏ ကိုယ်စား စောင့်ကြည့်ပြီး သင်၏ ကုန်အမှတ်တံဆိပ်နှင့် ဆင်တူယိုးမှား သို့မဟုတ် မှားယွင်းစေသော ကုန်အမှတ်တံဆိပ်များ ကြေညာပါက သင့်အား အကြောင်းကြားပေးမည်။
  2. ဥပဒေပါ ခွင့်ပြုကာလအတွင်း ကန့်ကွက်လွှာတင်ရန် အစမှအဆုံးအထိ ကူညီ ပံ့ပိုးမှု ပေးသွားမည် ဖြစ်ပါသည်။

👉 အခြားသူများမှ သင့်အမှတ်တံဆိပ်၏ အဖိုးတန်မှုကို ထိပါးခြင်းမှ ကာကွယ်ပါ။