Bank Guarantee (ဝါ) ဘဏ်အာမခံသည် ဘဏ်မှ တတိယ ပုဂ္ဂိုလ်အား ဘဏ္ဍာရေး ဆိုင်ရာ အကာအကွယ် ပေးသည့် အာမခံပေးမှု ဖြစ်ပီး လျှောက်ထားသူ မှ စာချုပ်ပါ တာဝန်များကို တတိယ ပုဂ္ဂိုလ်ထံသို့ ဆောင်ရွက်ပေးရန် ပျက်ကွက်သည့် အခါ ဘဏ်မှ ၄င်း ပေးချေရန် ရှိမှု သို့တည်းမဟုတ် ဆောင်ရွက် ပေးရန် ရှိမှု တို့အတွက် ဘဏ္ဍာရေးဖြင့် တတိယ ပုဂ္ဂိုလ်အား အကာအကွယ် ပေးသွားမည် ဖြစ်ပါသည်။
စာချုပ်စာတမ်းများတွင် ဘာလို့ အရေးပါသည့် အခန်းကဏ္ဍ အဖြစ် ထည့်သွင်းကြပါသလဲ
ငွေပေးချေမှု တစ်ခုတွင် ပါဝင်သည့် စာချုပ်ဝင်များ အားလုံး စိတ်ကျေနပ်မှု ရရှိစေရန် အတွက် အခြား အစားထိုး နည်းလမ်းအဖြစ် အသုံးပြုကြပါတယ်။
ဘဏ်အာမခံ က ဘယ်လို အလုပ်လုပ်ပါသလဲ။
အကယ်၍ လျှောက်ထားသူက ပျက်ကွက်မှု ပေါ်ပေါက်ခဲ့ပါက ဘဏ်အာမခံ ဖြင့် ကျန်ရှိသည့် ငွေပမာဏ ကို ပေးချေသွားရန် တောင်းခေါ်နိုင်သည်။ ဤစာချုပ်စာတမ်းမျိုးသည် ငွေကြေး ပမာဏ များပြားသည့် ဆောင်ရွက်မှုများ (သို့မဟုတ်) စာချုပ်ဝင်များ အကြား ယုံကြည်မှု တည်ဆောက်ဆဲ ကာလ များအတွက် မရှိမဖြစ် လိုအပ်သည့် စာချုပ်စာတမ်း အဖြစ် အသုံးပြုနိုင်သည်။
ယေဘူယျ အားဖြင့် ဘဏ်များသည် ထိုကဲ့သို့ ဘဏ်အာမခံများကို ပေးအပ်ခြင်း မပြုမှီ အပေါင်ပစ္စည်း သို့တည်းမဟုတ် ငွေသား အပ်နှံထားခြင်းမျိုးများ ပြုလုပ်ရန် တောင်းဆိုလေ့ရှိသည်။
ဘာကြောင့်မို့ သင်တို့ ဂရုပြုသင့်တာလဲ။
ဆုံးရှုံးနိုင်ခြေရှိမှုကို လျော့ချပေးရန် − ဤအာမခံများသည် အကျိုးခံစားခွင့် ရှိသူ အနေဖြင့် ငွေပေးချေမှု သို့တည်းမဟုတ် ဆောင်ရွက်မှု နှင့် ပတ်သက်၍ အခြား စာချုပ်ဝင် အပေါ် မှီခိုမှု ပြုနေရခြင်းကို လျော့ချ ပေးနိုင်စေရန် အတွက် ဖြစ်ပါသည်။
ယုံကြည်မှုကို တည်ဆောက်ရန် − ဘဏ်အာမခံ တစ်ရပ်ကို ပေးအပ်နိုင်ခြင်းဖြင့် အသစ်သစ်သော သို့တည်းမဟုတ် ပြည်ပမှ လုပ်ငန်း မိတ်ဖက်များနှင့် ဆက်ဆံ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးဆိုင်ရာ တောင့်တင်း ခိုင်မာမှု ရှိသည့် အပြင် စာချုပ်ပါ အချက်များ အပေါ် စိတ်ချ ယုံကြည်မှု ရှိနိုင်ကြောင်း ကို ပြသရာတွင် အကူအညီ ပေးနိုင်ပါသည်။
မြန်မာနိုင်ငံတွင် အသုံးများသည့် ဘဏ်အာမခံများမှာ
- Shipping Guarantee
- Performance Guarantee
- Bid Bond
- Standby Letter of Credit (SBLC)
- Advance Payment Guarantee
အဓိက သိသင့်သည့် အချက်များ
ကောင်းမွန် ပြည့်စုံသည့် ဘဏ်အာမခံ တစ်ရပ်သည် စာချုပ် အတွက် အသက်ကယ် ယန္တရား တစ်ခု ဖြစ်စေမည် ဖြစ်သော်လည်း ဘဏ်အာမခံ ပါ စည်းမျဥ်းများမှာ တိကျခိုင်မာမှု ရှိရန် လိုအပ်ပါသည်။ ဘဏ်အာမခံ ပါ အာမခံ ပမာဏ နှင့် အာမခံ ပေးနိုင်မှု အတိုင်းအတာ တို့မှာ ကောင်းစွာ ညှိနှိုင်း သတ်မှတ်ထားရမည် ဖြစ်ပြီး ယင်းဘဏ်အာမခံကို တောင်းခေါ်နိုင်သည့် အခြေအနေရပ်များကိုလည်း ရှင်းလင်းစွာ ဖော်ပြပါရှိသင့်ပါသည်။